ယနေ့ နေရာတိုင်း လူတိုင်းလို လိုပြောဆိုဆွေးနွေးနေ တဲ့ကိစ္စဟာ ကချင်ပြည်နယ်
အရေးကိစ္စပါ။ လူတော်တော် များ များ စိတ်ဝင်စားနေတာလည်း ဒီကိစ္စပါပဲ။
ကျွန်တော် ကိုယ်တိုင်လည်း ကချင်ပြည်နယ် တိုက် ပွဲတွေနဲ့ ပတ်သက်ပြီး သိချင်
စိတ်နဲ့အမြဲ တမ်းနားစွင့်နေ ခဲ့ပါတယ်။ ကျွန်တော် ဥပဒေတွေ အများကြီးလေ့
လာခဲ့ရတဲ့ တရားသူကြီးဟောင်း တစ်ဦး ပါ။ ခရိုင်တရားသူကြီးအဖြစ်
ခရိုင်နှစ်ခုမှာ တာဝန် ထမ်း ခဲ့ဖူးတယ်။
ကျွန်တော်တို့ ဥပဒေလိုင်းမှာလဲ ဒီကိစ္စဆွေးနွေးကြည့် ကြတယ်။ အခုတစ်ဖန်
တစ်ကမ္ဘာလုံးက ဥပဒေနားလည်သူတွေနဲ့ ဆွေးနွေးရအောင် ကျွန်တော် Internet မှာ
အဆိုပြုချက် တင်ပါမယ်။ ဝိုင်းဝန်းေ ဆွးနွေးပေးပါ။ ဒီလိုပါ။ ကချင်ပြည်နယ်မှာ
အစိုးရက KIA တွေအပေါ် လေယာဉ်၊ ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်ကြောင်း၊
Chemical Weapons တွေသုံးပြီးတော့လည်းတိုက်ခိုက်ကြောင်း၊
ဂျီနီဗာကွန်ဗင်းရှင်းကို မလိုက်နာကြောင်း မီဒီယာတွေကဆိုကြတယ်။ အဲဒီတော့
ကျွန်တော်အဆိုပြုချင်တဲ့ခေါင်းစဉ်က “ စစ်တပ်က လေကြောင်း တိုက်ခိုက်မှု
ပြု/မပြု၊ Chemical Weapons တွေ သုံး/မသုံးနဲ့ ယင်းသို့တိုက်ခိုက်ခြင်း၊
သုံးစွဲခြင်းပြုရင် ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ကျ/မကျ ” ဆိုတဲ့
အဆိုပါပဲ။
ဒီအဆိုကိုဆွေးနွေးကြမယ်ဆိုရင် ပထမဆုံး ကချင်ပြည်နယ်တိုက်ပွဲတွေမှာ စစ်တပ်က
လေယာဉ် သုံးမသုံး လေ့လာကြည့်မယ်။ ဇန်နဝါရီလ ၃ ရက်နေ့ထုတ်
မြန်မာ့အလင်းသတင်းစာမှာ “ လဂျားယန် စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းရှိ
မြစ်ကြီးနား-ဗန်းမော်ကားလမ်းအား အဓိကပိတ်ဆို့နှောင့်ယှက် တိုက်ခိုက်နေသည့်
ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့်-၇၇၁ တောင်ကုန်းနှင့်ဝန်းကျင်အား
ရှင်းလင်းခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် တက်ရောက်
သိမ်းယူနိုင်ခဲ့သည်။ ထိုသို့သိမ်းယူရာ တွင် လေကြောင်းအကူအညီကို
အသုံးပြုခဲ့ရသည်။ ” ဆိုပြီး ဖော်ပြထားပါတယ်။ အစိုးရက လေကြောင်း
အကူအညီအသုံးပြုခဲ့တာကို ရှင်းရှင်းဘွင်းဘွင်း ပြောကြားထားပါတယ်။
လျှို့ဝှက်မထားပါဘူး။ ဒါကြောင့် ဒီကိစ္စအငြင်းပွားဖွယ်မရှိတော့ပါဘူး။
Chemical Weapons တွေ သုံးမသုံးကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားကြရအောင်ပါ။
လက်ရှိစစ်ပွဲအတွင်း မှာ ဘယ် KIA စစ်သားမှ ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ပြီး
စစ်တိုက်နေတာမတွေ့ရသလို ဘယ် KIA တပ်ဖွဲ့ဝင် တစ်ဦးမှလည်း ChemicalWeapons
ကြောင့် ထိခိုက်သေဆုံးခြင်းသတင်း မကြားရပါဘူး။ ဒီထက် သေချာအောင်
သုံးသပ်ရရင် စစ်တပ်က ဓါတု လက်နက်သုံး တယ်ဆိုရင် သူတို့ရော အဲဒီဒေ သမှာ
ဓါတ်ငွေ့ကာ မသုံးဘဲ လှုပ်ရှားနေနိုင် ပါ့မလား… ဒါကြောင့် စစ်တပ် ကလေကြောင်း
အကူအညီ ရယူခဲ့ တယ်ဆို တာ မှန် တယ်။ ဒါပေ မယ့် Chemical Weapons
သုံးတယ်ဆိုတာ လုံးဝမမှန်ဘူး။
ကဲ … ဒုတိယတစ်ပိုင်းက ဂျီနီဗာကွန်ဗင်းရှင်းကိစ္စ၊ ဒါကိုလည်း ကျွန်တော်
သေချာလေ့လာပါ တယ်။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့သက်ဆိုင်တဲ့
အပြည်ပြည်ဆိုင်ရာ စစ်ပွဲဆိုင်ရာဥပဒေကိုလေ့ လာရာမှာ အဓိကသက်ဆိုင်တဲ့
ဥပဒေပြဋ္ဌာန်းချက်တွေကတော့ ဂျီနီဗာကွန်ဗင်းရှင်း(၄)ရပ်စလုံးမှာ တူညီ
သောပြဋ္ဌာန်း ချက်များပါရှိတဲ့ ဘုံအာတီကယ်(၃) (Common Article-3)နဲ့ ဂျီနီဗာ
ကွန်ဗင်းရှင်းများ ရဲ့ နောက်ဆက်တွဲစာချုပ်(၂)တို့ဖြစ်ပါတယ်။
လက်နက်များ အသုံးပြုခြင်းကို ကန့်သတ်တဲ့ သီးခြား ကွန်ဗင်းရှင်း များလည်း
ရှိပါတယ်။ ဒီကွန်ဗင်းရှင်းတွေ နဲ့အတူ အထက်ဖော်ပြထားတဲ့ ဘုံအာတီကယ်(၃)၊
နောက်ဆက်တွဲစာချုပ်(၂)တို့မှာ အချို့သော လက်နက်တွေ ကို စစ်ပွဲအတွင်း
အသုံးပြုခြင်းကိုတားမြစ်ထားပြီး တိုက်ခိုက်မှုနည်းလမ်းတွေကို လည်း
လူသားချင်း စာနာထောက် ထားမှု ရှုထောင့်ကနေ ကန့်သတ်ထားပါတယ်။ ဒါ့အပြင်
စစ်ပွဲတွေမှာ ကာကွယ် စောင့်ရှောက် မှုပေးရမယ့်သူတွေကိုကာကွယ်စောင့်ရှောက်မှု
ပေးရမယ့်နည်းလမ်းတွေကို ပြဋ္ဌာန်း ထားတာ ကိုလည်း
လေ့လာတွေ့ရှိရပါတယ်။သို့ပေမယ့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတစ်ခုဖြစ်တဲ့
ပြည်တွင်း သောင်း ကျန်းမှုနှိမ်နှင်းရာမှာ လေကြောင်းမှ တိုက်ခိုက်ခြင်းကို
တားမြစ်သည့်ပြဋ္ဌာန်း ချက်များမ ရှိတာကို လေ့လာတွေ့ရှိရပါတယ်။ ဘယ်ဥပဒေ၊
ဘယ်ပြဋ္ဌာန်းချက်၊ ဘယ်အခန်း၊ ဘယ်စာမျက်နှာမှာမှ ပြည်တွင်းသောင်း ကျန်းသူကို
လေကြောင်းက မတိုက်ရလို့ ဖော်ပြမထားပါဘူး။
လေကြောင်းမှတိုက်ခိုက်ရာမှာ လူနေထူထပ်တဲ့ မြို့၊ ရွာစသည့်နေရာ မျိုးကိုသာ
ပြည်သူ လူထု အသက် ဆုံးရှုံးမှု ကို မဖြစ်ပေါ် စေရန်အတွက် ထိုနေရာမျိုးကို
အရမ်းကာရော တိုက် ခိုက်ခြင်း မျိုးကို တားမြစ် ထားခြင်းကိုသာ
လေ့လာတွေ့ရှိရပါတယ် ခင်ဗျား။
ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရာမှာ
လေကြောင်းတိုက်ခိုက်မှုအသုံးပြုခဲ့တဲ့ နိုင်ငံတွေများစွာရှိပါတယ်။ အဲဒီ အထဲက
နိုင်ငံသုံးနိုင်ငံကိုလည်း သာဓက အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်-
၁။ BalochNationalistsများနဲ့ပါကစ္စတန်တာလီဘန်များကိုပါကစ္စတန်အစိုးရမှတိုက်ခိုက်ခြင်း ။
၂။ တမီးလ်ကျားသူပုန်များကို သီရိလင်္ကာအစိုးရမှတိုက်ခိုက်ခြင်း။
၃။ ချေချင်သူပုန်များကို ရုရှားအစိုးရမှတိုက်ခိုက်ခြင်း။
အစိုးရတပ်ဟာ နိုင်ငံတကာလိုက်နာကြတဲ့ စစ်ပွဲဥပဒေတွေအတိုင်း လိုက်နာရမယ့်
တာဝန်ရှိတဲ့ အတွက် ယနေ့ခေတ် လိုအချိန်မှာ တရားမ၀င်လက်နက်တွေ သုံးစွဲတာမျိုး
လုပ်ဆောင်ရန်အကြောင်းမရှိဘူး။ စစ်တပ် အနေနဲ့ KIA ထက် များစွာသာ
လွန်တဲ့အချက်တွေ ရှိနေတာဖြစ်တဲ့ အတွက် ဂျီနီဗာ ကွန်ဗင်းရှင်း
ကိုဖောက်ဖျက်ပြီး ဓါတုလက်နက်တွေသုံးရန် လိုအပ်မယ်မထင်ပါ ဘူး။
ခေါင်းဆောင်ပိုင်းအနေနဲ့လည်း ခွင့်ပြုလိမ့်မယ်မဟုတ်ပါဘူး။ အထူးသဖြင့်
တိုင်းရင်းသား ဒေသတွေ မှာဖြစ်တဲ့ စစ်ပွဲဖြစ်တာကြောင့်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဦးစားပေးတဲ့ အစိုးရနဲ့
အစိုးရတပ်တွေအနေနဲ့ ဒီလိုကိစ္စမျိုးကို ဘယ်လိုနည်းနဲ့မှ စဉ်းစားမယ်မထင်ဘူး။
သူပုန်အဖွဲ့က အပုပ်ချ တိုင်း ဒီခေတ်လူငယ်တွေ စစ်တပ်အပေါ် အထင်မမှားစေလိုပါ။
တကယ်တော့ ဒါဟာ KIA တွေဘက်က ၀ါဒဖြန့်တာသက်သက်ပဲဖြစ်ပါလိမ့်မယ်။
ထိခိုက်မှုတွေများပြီး သိမ်းပိုက်တပ်စွဲထားတဲ့ တောင်ကုန်းတွေ
တစ်ကုန်းပြီးတစ်ကုန်း စွန့်လွှတ်နေရလို့ အရှက်ပြေ အစိုးရတပ်ကိုပုတ်ခတ်တဲ့
စကားတွေသာဖြစ်ဖို့များပါတယ်။ နယ်စပ်သတင်းတွေအရတော့ KIA ဟာ ပြည်ပနိုင်ငံ
အချို့က ကျွမ်းကျင်သူတွေပါ ခေါ်ပြီး အစိုးရတပ်တွေ ဓါတုလက်နက်သုံး/မသုံး
စစ်ဆေးစေ ခဲ့တယ်လို့ လည်း ကြားရပါတယ်။ သို့ပေမယ့်လည်း
ဘယ်နိုင်ငံခြားပညာရှင်တစ်ဦးကမှ အစိုးရတပ်တွေ ဓါတုလက် နက်သုံးတယ်လို့
ကောက်ချက် မချခဲ့ပါဘူး။ ဒါကြောင့် ကချင်ပြည်နယ်ထဲက စစ်ပွဲတွေမှာ အများ
ထင်ယောင် ထင်မှားဖြစ်အောင် KIA အနေနဲ့ မီဒီယာ နည်းနဲ့ အစိုးရနဲ့ အစိုးရ
စစ်တပ်ကို သိက္ခာချဖို့ ရည်ရွယ်ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော်တို့
ရှင်းရှင်းလင်းလင်းမြင်သင့်ပါတယ်။
တကယ်တော့ KIA အဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းသာမက
ရှမ်းပြည်နယ်မြောက်ပိုင်းမှာပါ အဖျက် လုပ်ငန်း တွေလုပ်နေတာ လူတိုင်း
သိတဲ့ကိစ္စပါ။ ဒါဟာ ဘာကိုပြောသလဲဆိုတော့ KIA ဟာ အကြမ်းဖက် အဖွဲ့အစည်း
Terroristစစ်စစ်ဖြစ်တယ်ဆိုတာကိုဖော်ပြနေခြင်းပါပဲ။ အမှန်မှာတော့ ကမ္ဘာပေါ်
မှာအဖွဲ့ အစည်း တစ်ရပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်နိုင်ပြီဆိုရင်
လုံးဝဥဿုံချေမှုန်းပစ် ရမှာဖြစ် ပါတယ်။
အမေရိကန်က ကမ္ဘာပေါ်မှာ အကြမ်းဖက်ချေမှုန်းရေးစစ်ကိုဆင်နွှဲနေသလို
အကြမ်းဖက်သူတွေ မြန်မြန်နဲ့ များများ ရှင်းလင်းပစ်နိုင်အောင်လည်း
ဆောင်ရွက်နေပါတယ်။ ကမ္ဘာကြီး ကိုအကြမ်း ဖက်အဖွဲ့ အစည်းတွေ က ကြီးမားတဲ့
ခြိမ်းခြောက်မှုတွေ လုပ်နေပြီဆိုတာ 9/11 ဖြစ်စဉ်က မီးမောင်းထိုးပြခဲ့ပါပြီ။
ဒါကြောင့် ငြိမ်းချမ်းလိုသူတိုင်း အကြမ်းဖက် အဖွဲ့အစည်းကို
မုန်းတီးကြမှာပါ။ အကြမ်းဖက်အဖွဲ့ဆိုရင် မုန်းလွန်း လို့ အကြမ်းရည်တောင်
မသောက်ချင်တော့ လောက်အောင်ပါပဲ။ ကုန်ကုန်ပြောရင် လင်မယား ချင်းတောင်
အကြမ်းဖက်ရင် ဘယ်သူကခွင့်ပြုလို့လဲ။ အရေးတောင်ယူလို့ ရတယ်မဟုတ်လား။ ဥပဒေ
ဘက်တော်သား မို့ ဥပဒေအကြောင်းအရ ဥပမာပေးတာပါဗျာ။
KIA ကို အကြမ်းဖက်အဖွဲ့လို့ခေါ်နိုင်အောင်
ခိုင်လုံတဲ့အကြောင်းတရားများစွာရှိပါတယ်။ အရပ်ဘက် ပစ်မှတ်တွေ ကို
ဖျက်ဆီးတိုက်ခိုက်ခြင်း၊ ပြည်သူအပေါ်အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးခြင်း၊
(အချို့ဆို မိသားစု လိုက် ဖမ်းဆီးသွား တာလည်း ရှိပါတယ်)၊
အမျိုးသမီးငယ်များကို မတော်မတရား ကျင့်ခြင်း၊ ပြည် သူလူ ထုရဲ့ ရှာဖွေ
စုဆောင်းထားသမျှ ဥစ္စာပစ္စည်းများ ကိုအတင်း အဓမ္မလုယူခြင်း၊ ဖျက်ဆီးခြင်း၊
ဆက်ကြေး ကောက်ခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို စစ်ပွဲအတွက်အသုံးချခြင်း၊
(ဥပမာ-မိုင်းထောင်ခိုင်းခြင်း၊ အတင်း အကြပ် ပြည်သူ့စစ်လုပ်ခိုင်းခြင်း၊
ရိက္ခာ၊ ခဲယမ်းပစ္စည်းများ သယ်ယူပို့ဆောင်စေခြင်း တို့ကို ဆိုလိုပါတယ်)။
နောက်ဆုံး KIA တပ်ဖွဲ့ဝင်တွေက အစိုးရတပ်ရဲ့ တိုက်ခိုက်မှုမှကာကွယ်နိုင် ဖို့
ဒေသခံရွာသားတွေ ကို လူသား တံတိုင်း အဖြစ် အသုံး ချခြင်းတွေ အထိ
ဆောင်ရွက်နေပါတယ်။ ဒီအဖွဲ့ကိုမှ အကြမ်းဖက် အဖွဲ့လို့ မခေါ်ရင် ဘယ်အဖွဲ့
ကိုခေါ်ရမလဲ။ KIA ကိုမှ Terrorist လို့မသတ်မှတ်ရင် ကမ္ဘာပေါ်မှာ အကြမ်းဖက်
အဖွဲ့ဆို တာလဲရှိမှာ မဟုတ်တော့ဘူး… အကြမ်းဖက်သမားဆိုတာလဲ
ရှိမှာမဟုတ်တော့ဘူး။
ယနေ့ မီဒီယာတစ်ချို့ရဲ့ KIA နဲ့တိုက်ပွဲတွေမှာ အစိုးရနဲ့တပ်ဘက်က အလွန် သဘော
မျိုးဖော်ပြနေ တာတွေဟာ အကြမ်းဖက်ဝါဒအားပေးခြင်းလို့
ကျွန်တော်တို့ဥပဒေနားလည် သူတွေ က ယူဆပါတယ်။ ကျွန်တော် တရားသူကြီးဟောင်း
တစ်ဦးရဲ့ အမြင်သဘောထားများကို တရား နည်း လမ်းတ ကျပြောပါ ဆိုရင်
အကြမ်းဖက်ချေမှုန်းရေးစစ်… အပြစ်မရှိပါလို့ ဆိုချင်ပါတယ်။ တစ်စုံတစ် ရာဝေဖန်
အကြံပြုပေးကြပါ ရန်လည်း လေးစားစွာဖိတ်ခေါ်လိုက်ရပါတယ်။
တရားသူကြီးဟောင်းတစ်ဦး
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။