အယ်လ်ဂျာဇီးရား ရုပ်သံအဖွဲ့မှ ရိုက်သော ဇာတ်လမ်းတိုသည် အင်ပါလာ ရပ် ကွက်တွင် ရိုက်ကူး ခဲ့ခြင်ြး ဖစ်ကြောင်း သိရပြီး
လုံခြုံရေးများအနေဖြင့် ၀င်ထွက်မှု ကို ပိတ်ပင်ခြင်းမရှိခဲ့သည့်ပြင်
ရပ်ကွက် အတွင်းသို့ ၀င်ရောက် ကာ ဇာတ်လမ်းရိုက်ကူး ခြင်းကို သိလျက်နှင့်
သက်ဆိုင်ရာသို့ အကြောင်း မကြားခြင်း များနှင့် ထိုရိုက် ကူးရေး အဖွဲ့သည် AZG
အမည်ခံပြီး နေ့စဉ် ထိုရပ်ကွက်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ် သည့် အပြင်
AZG ရုံးတွင် တည်းခို ခဲ့ကြောင်း လည်းသိရသည်။ ယခုကိစ္စတွင် AZG အဖွဲ့လည်း
ပူးပေါင်း ပါဝင် မှုများ ရှိခဲ့ပြီး ပံ့ပိုး ကူညီသူများမှာ AZGအဖွဲ့ တွင်အလုပ် လုပ်ကိုင်နေသော သူများလည်း ပါဝင်ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ များသည် AZG အဖွဲ့မှဟုပြောဆိုသဖြင့် လွှတ်ထားပေး ခဲ့ခြင်း သာဖြစ်ပြီး ရွာထဲသို့ ၀င်နေသော အဖွဲ့အား
လိုက်လံစိစစ်မှုမရှိခဲ့သဖြင့် ထိုသို့ဖြစ် လာရခြင်းဖြစ်ကြောင်း လည်း
ဒေသ ခံများ က ပြော ပါသည်။
'' အဲဒီအဖွဲ့တွေဟာ နေ့တိုင်းသွားနေတာ ကိုတွေ့ပါတယ်။
လုံခြုံရေး အဖွဲ့တွေက လည်း လွှတ်ပေးထား တယ်။ ဘာမှ မပြောဘူး။ နောက်ပြီး
အစိုးရအဖွဲ့ အနေနဲ့ လည်း နိုင်ငံခြားသား ဆိုရင် သွားခွင့်ပြုလိုက် တာဘဲ။
ဒီလို ခွင့်ပြုတာ ကလည်း နိုင်ငံ တကာ အဖွဲ့ အစည်းတွေက ဖိအားတွေပေး တယ်။
အဲဒါေ ကြာင့် ဖြစ် ပါ လိမ့်မယ်။ အစိုးရ အနေနဲ့ အကျဉ်းအကြပ်ထဲထဲမှာ
ရောက်နေတာကြောင့် ခွင့်ပြုပေးလိုက် တာလို့ ထင် တယ်''ဟု
ဒေ သခံ တစ်ဦးကပြောပါသည်။
ထိုသို့ မဟုတ်မမှန်သော ဇာတ်ကားများရိုက်ကူးခြင်းသည် အစိုးရကို ဂုဏ် သိက္ခာ ကျအောင် လုပ်ဆောင်ေ နခြင်းဖြစ်ကြောင်းနှင့် ရခိုင်နှင့်ဘင်္ဂလီများကို ရန် တိုက် ပေးနေခြင်းဖြစ်ကြောင်း လည်းသိ ရသည်။
ယင်း အတွက် အယ်လ် ဂျာဇီး ရား ရုပ်သံ အဖွဲ့အား မြန်မာနိုင်ငံသို့ လာရောက်
ခြင်းကို ပိတ်ပင် သင့်ကြောင်းနှင့် AZG အဖွဲ့ အားလည်း ထိရောက်စွာ အရေး ယူသင့်
ကြောင်း အကြံပြု တင်ပြ အပ်ပါသည်။ ရခိုင်ပြည်နယ် အတွင်းငြိမ်း ချမ်းရေး ရအောင် ဆောင်ရွက်နေသည့် ကာလအတွင်း ထို သို့မ ဟုတ်မမှန်သော ဇာတ်လမ်း တိုရိုက်ကူး ပြီး ထုတ်လွှင်ပြသရန် ကြံစေခြင်း သည် မြန်မာနိုင်ငံ ကို စော်ကား ရာ ရောက်ကြောင်း လေ့လာ သူများက သုံးသတ်ကြသည်။
ထိုကစ္စနှင့် ပတ်သတ်ပြီးနိုင်ငံတော်အစိုးရက
ကန့်ကွက်လိုက် သကဲ့သို့ ရခိုင် ပြည်နယ် အစိုးရကလည်း ကန့်ကွက် သည့်အပြင်
ရခိုင်ပြည်သူ တစ်ရပ်လုံး ကပါ ပြင်းထန်စွာ ကန့်ကွက်လိုက်ကြောင်း သိရသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။