Pages

Monday, November 5, 2012

“““ KIO လှုပ်ရှား တိုက်နယ်မှူး အား KIA တပ်သား မှ ကချင်လူမျိုး အချင်းချင်း အတင်း အဓမ္မ လူသစ် စုဆောင်း မှုကြောင့် သတ်ဖြတ်ခဲ့ ”””

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ညတွင် မိုးညှင်းမြို့၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းကျေးရွာ၊ က ချင် စု ရပ်ကွက်ရှိ ဒေါ်ခေါင်လု၏ နေအိမ်တွင် KIO ပါကွယ်ယန်မြို့လက်အောက်ခံ အင်းတော်ကြီး အရှေ့ ဘက်ခြမ်း၊ မိုင်းတိမ်ကြီးကွင်းမှ လှုပ်ရှားတိုက်နယ်မှူး ဆလန်ကဘာ လယော်အား KIA မှ တပ်သား အဆင့် ရှိ မာတန် (ခ) တန်ဂွန်းက ဓားဖြင့်ထိုးသတ်ခဲ့ပါသည်။

ဖြစ်စဉ်ဖြစ်ပွားရ ခြင်းအကြောင်းရင်း မှာ လွန်ခဲ့သော တပတ်ခန့်က တိုက်နယ်မှူး လယော်မှ ကချင်စု ရပ် ကွက် အတွင်းရှိ ခတ်ပုံ ရောင်းချသူများ အား သွားရောက် ပိတ်ပင်ခဲ့ကြောင်း၊ သုံးစွဲသူများမှာ ရှမ်း/ဗမာ လူ မျိုး ၃ ဦးနှင့် ကချင်လူမျိုး ၅ ဦးခန့် တွေ့ရှိခဲ့ပါသည်။ ရှမ်း/ဗမာ ၃ ဦးအား တစ်ဦးလျှင် ဒဏ်ငွေ ၅၀၀၀၀ ကျပ်ဆောင် ခိုင်း၍ ပြန်လွှတ်ပေးခဲ့ပြီး၊ ကချင်လူမျိုး ၅ ဦးအား လူသစ်အဖြစ် တပ်ရင်း ၂၆ သို့  ခေါ်ဆောင် သွားခဲ့ပါသည်။

ထိုကဲ့သို့ ကချင်လူမျိုးအချင်းချင်း အတင်းအဓမ္မ လူသစ် စုဆောင်းမှုကြောင့် ကချင်စုရပ်ကွက်မှ ကချင်များ က တန်ဂွန်းအား ပြောကြားခဲ့သဖြင့် တန်ဂွန်းမှ ပြန်လွှတ်ပေးရန်ပြောဆိုရာမှ စကားမျာပြီး လယော်၏ ဗိုက် အား ဓားမြှောင်ဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ပါသည်။ လယော်၏ အလောင်းအား ကချင်စုရပ် ကွက်မှ ညတွင်း ချင်း သဂြိုလ် ခဲ့ပြီး တန်ဂွန်းမှာ ပစ္စတို ၁ လက်ဖြင့် ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သိရပါတယ်။

အစိုးရတပ်များနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး KIA ဘက်မှ အထိအခိုက်အကျဆုံးများနေသဖြင့် လူ သစ် စုဆောင်းခြင်းအား နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။ ယခုကဲ့သို့ ခတ်ပုံသုံးစွဲနေတဲ့ က ချင်လူမျိုး ၅ ယောက်အား တပ်သားသစ်အဖြစ် စုဆောင်းခဲ့ခြင်းမှာ ၄င်းတို့အား သေတွင်းထဲ တွန်းပို့နေ သဖြင့် တန်ဂွန်းမှ ပြန်လွှတ်ပေးရန် ပြောရာမှ လူသတ်မှုဖြစ်ပွား ခဲ့ရခြင်းဖြစ်ပါတယ်။

ကချင်နေစဉ်သတင်း 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ KIO လှုပ်ရှား တိုက်နယ်မှူး အား KIA တပ်သား မှ ကချင်လူမျိုး အချင်းချင်း အတင်း အဓမ္မ လူသစ် စုဆောင်း မှုကြောင့် သတ်ဖြတ်ခဲ့ ”””

Labels:

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ညတွင် မိုးညှင်းမြို့၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းကျေးရွာ၊ က ချင် စု ရပ်ကွက်ရှိ ဒေါ်ခေါင်လု၏ နေအိမ်တွင် KIO ပါကွယ်ယန်မြို့လက်အောက်ခံ အင်းတော်ကြီး အရှေ့ ဘက်ခြမ်း၊ မိုင်းတိမ်ကြီးကွင်းမှ လှုပ်ရှားတိုက်နယ်မှူး ဆလန်ကဘာ လယော်အား KIA မှ တပ်သား အဆင့် ရှိ မာတန် (ခ) တန်ဂွန်းက ဓားဖြင့်ထိုးသတ်ခဲ့ပါသည်။

ဖြစ်စဉ်ဖြစ်ပွားရ ခြင်းအကြောင်းရင်း မှာ လွန်ခဲ့သော တပတ်ခန့်က တိုက်နယ်မှူး လယော်မှ ကချင်စု ရပ် ကွက် အတွင်းရှိ ခတ်ပုံ ရောင်းချသူများ အား သွားရောက် ပိတ်ပင်ခဲ့ကြောင်း၊ သုံးစွဲသူများမှာ ရှမ်း/ဗမာ လူ မျိုး ၃ ဦးနှင့် ကချင်လူမျိုး ၅ ဦးခန့် တွေ့ရှိခဲ့ပါသည်။ ရှမ်း/ဗမာ ၃ ဦးအား တစ်ဦးလျှင် ဒဏ်ငွေ ၅၀၀၀၀ ကျပ်ဆောင် ခိုင်း၍ ပြန်လွှတ်ပေးခဲ့ပြီး၊ ကချင်လူမျိုး ၅ ဦးအား လူသစ်အဖြစ် တပ်ရင်း ၂၆ သို့  ခေါ်ဆောင် သွားခဲ့ပါသည်။

ထိုကဲ့သို့ ကချင်လူမျိုးအချင်းချင်း အတင်းအဓမ္မ လူသစ် စုဆောင်းမှုကြောင့် ကချင်စုရပ်ကွက်မှ ကချင်များ က တန်ဂွန်းအား ပြောကြားခဲ့သဖြင့် တန်ဂွန်းမှ ပြန်လွှတ်ပေးရန်ပြောဆိုရာမှ စကားမျာပြီး လယော်၏ ဗိုက် အား ဓားမြှောင်ဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ပါသည်။ လယော်၏ အလောင်းအား ကချင်စုရပ် ကွက်မှ ညတွင်း ချင်း သဂြိုလ် ခဲ့ပြီး တန်ဂွန်းမှာ ပစ္စတို ၁ လက်ဖြင့် ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သိရပါတယ်။

အစိုးရတပ်များနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး KIA ဘက်မှ အထိအခိုက်အကျဆုံးများနေသဖြင့် လူ သစ် စုဆောင်းခြင်းအား နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။ ယခုကဲ့သို့ ခတ်ပုံသုံးစွဲနေတဲ့ က ချင်လူမျိုး ၅ ယောက်အား တပ်သားသစ်အဖြစ် စုဆောင်းခဲ့ခြင်းမှာ ၄င်းတို့အား သေတွင်းထဲ တွန်းပို့နေ သဖြင့် တန်ဂွန်းမှ ပြန်လွှတ်ပေးရန် ပြောရာမှ လူသတ်မှုဖြစ်ပွား ခဲ့ရခြင်းဖြစ်ပါတယ်။

ကချင်နေစဉ်သတင်း 
0 comments: