Pages

Saturday, November 24, 2012

“““ ကချင် လွှတ်တော် အမတ် တွေ ဘယ်ရောက် ကုန်သလဲ .. ဘာလုပ်နေသလဲ ”””

၂၀၁၀ ရွေးကောက်ပွဲကြီးလုပ်တော့ တစ်နိုင်ငံလုံးက လွှတ်တော်အမတ်တွေ ၀င်ပြိုင်ခဲ့ကြပါတယ်။ လွှတ်တော် အတွင်းမှာ ကိုယ့်ပြည်နယ်အကျိုး တကယ်လုပ်မယ့် လွှတ်တော်အမတ်တွေကို အပြိုင်အဆိုင် မဲ ထည့်ကြတော့ ကချင်ပြည်နယ်က ရွေးကောက်ပွဲနိုင် အမတ်တွေလည်း လွှတ်တော်ထဲ ကို ရောက် လာ ကြ ပါ တယ်။ အဲဒီထဲမှာမှ NDF ပါတီ လွှတ်တော် အမတ် ဒေါ်ဘောက်ဂျာ တစ်ယောက် သာ ဟိုနားက အ သံ ထွက်၊ ဒီနားက အသံထွက်နဲ့ လှုပ်လှုပ် ရှားရှားလေး မြင်ရတယ်။ ကချင်ပြည်နယ် ၀န်ကြီးချုပ်တွေ၊ က ချင်ပြည် နယ် လွှတ်တော် အမတ်တွေ ဘယ်တွေ ရောက်ပြီး ဘာတွေ လုပ်နေကြပါလိမ့်။

တစ်ခါကတော့ သတင်းလေး တစ်ခု ဖတ်လိုက်ရပါရဲ့။ ကချင်ပြည်နယ်အစိုးရ ကေအိုင်အိုနှင့် စစ်ရပ် စဲရေးဆွေးနွေး ဆိုတဲ့ သြဂုတ်လ တစ်ရက်နေ့က သတင်းပါ။ အဲဒီသတင်းမှာက- ကချင်ပြည်နယ် အစိုးရ ကိုယ်စား လှယ် အဖွဲ့တဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ တွေဆုံပြီး အစိုး ရ တပ်နဲ့ ကေအိုင်အေ အကြား တိုက်ပွဲရပ်ရေး ကိစ္စ တွေ့ဆုံ စကားပြောကြပါတယ်။ကချင်ပြည်နယ် အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ ကချင်အမျိုးသား အတိုင်ပင် ခံအ ဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနဲ့ ကချင်လွှတ်တော် အမတ် တဦးပါ ကိုယ်စား လှယ်အဖွဲ့ဟာ လဂျားယံဒေသ မှာ ကေ အိုင်အေ ဒုတိယဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ နေ့ခင်း မှာ တွေ့ ဆုံကြပါတယ် ။နှစ်ဖက်ကိုယ်စားလှယ် တွေ့ဆုံကြပေမယ့် ဆွေးနွေးပွဲအဆင့် မရောက်ဘဲ အရင် ရက်ပိုင်းေ တွ တုန်းက တဖက်နဲ့တဖက် အပြန်အလှန်ရေးတဲ့ စာတွေကို ပြောဆိုခဲ့ကြပြီး ဒီတွေ့ဆုံပွဲကနေ ဘာ ဆုံးဖြတ် ချက်မှ မချနိုင် ဘူး လို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါ တယ်။“ဆွေးနွေးပွဲ လို့ေ တာ့ ပြောလို့မရဘူး။ ဘာကြောင့် လည်းဆို တော့ သူတို့ဘက် က ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ မပါတော့ကာ ဒါတွေ့ဆုံမှုပဲ လို့ ပြောရ မယ်။ တကယ်လို့ ဆွေးနွေးပွဲဆိုရင် ဆုံးဖြတ်ချက်တခုတော့ ချနိုင်ရမယ်။ အခုဟာ က ဘာမှ ဆုံးဖြတ် ချက် ချနိုင်တဲ့ ပုဂ္ဂိုလ်တွေ မပါဘူးဆိုတော့ ဒီလိုပဲ ကျနော်တို့ရဲ့ ပြောဆိုချက်တွေကို နားေ ထာင်ပြီးေ တာ့ ပြန် သွားရုံပါပဲ။ ကျနော်တို့ ဘက်မှာ အတော်အသင့် ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါပါ တယ်။ နောက်ပြီး ကျနော်တို့ ဘက်က စာမှာပါတဲ့ အကြောင်းအရာတွေ ကို ဗဟိုကော်မတီမှာ အားလုံးက သဘော တူညီပြီးေ တာ့ ရေးပို့ ထားတဲ့အတွက်ကြောင့် အဲဒီစာအတိုင်းပဲ သွားမှာပါ။

ဒီနေ့ မြန်မာသားကောင်းမှာ ကချင်ဒေသခံ တစ်ဦးရဲ့ ကချင်လွှတ်တော်အမတ်တွေ နှုတ်ထွက်ပေးပါ ဆို တာ တွေ့ ရပြန်တယ်။ အရင်တုန်း ကလည်း ရေးခဲ့ဖူးပြီ။ မြန်မာနိုင်ငံမှာ သမ္မတရှိတယ်။ အစိုးရ အဖွဲ့ရှိတယ် ။ တပ် မတော် ရှိတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ ရှိတယ်။ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးတော့ သမ္မ တ ရုံး ၀န်ကြီး ဦးအောင်မင်း၊ တပ်မတော်က ဗိုလ်ချုပ်၊ ကေအိုင်အေက ဂွမ်မော် (သို့) ကေအိုင်အိုအဖွဲ့တွေ ပဲ ပါတယ်။

ကချင်ပြည်နယ်က ရွေးကောက်ခံတဲ့ ကချင်အမတ်တွေ လမ်း၊ တံတား၊ ကျောင်းတွေ ဆောက်လို့ မပြီး ကြ သေးဘူးလား။ ကချင်စစ်ပွဲကို အဆုံးသတ်ဖို့ မစဉ်းစားကြတော့ဘူးလား။ တစ်ချို့ ပါတီတွေကတော့ အုံ နဲ့ကျင်းနဲ့ နှုတ်ထွက်ကြ။ ပါးအနမ်းခံတဲ့ ခေါင်းဆောင်ကြီးက ဘွဲ့တွေ တစ်ခုပြီး တစ်ခုရ။ ရန်ကုန်ဆေး ရုံ ကြီးနဲ့ ရန်ကုန် တက္ကသိုလ်ကြီး နှစ်ခုကို မျက်စိထဲ မြင်ပြီး အဆို တင်သွင်းအောင်မြင် တာကို ချီး ကျူးကြ လုပ်နေကြပြီ။

၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကချင် လူထုက ပေးထားတဲ့ ထိုင်ခုံမှာ ထိုင်ပြီး ကေအိုင်အေ အတွက် ဖယ်ပေးဖို့ အသင့် လုပ်နေသလား။ ကေအိုင်အေ အမြစ်ပြတ် လို့ ကချင်ပြည်နယ် ဘာနစ်နာနိုင်လဲ ဆိုတဲ့ သုံးသပ်ချက်တွေ၊ လွှတ်တော်မှာ ကချင်ဒေသငြိမ်းချမ်းဖို့ အတွက် တရားသော စစ်ဆင်နွှဲဖို့ အဆိုတွေ တင်ဖို့ အတွေးကော ရှိမှ ရှိကြရဲ့လား။မေးခွန်းလေးတွေနဲ့ လွှတ်တော် အမတ် သက်တမ်း ကုန်ကြတော့မှာလား။ စစ်ရေး အ ရ တိုက်ပွဲဝင်ပြီး ကေအိုင်အေက  ကြောက်လန့်တကြားထအော်လို့ သနားတတ်တဲ့ သမ္မတက ထိုးစစ်ရပ်ချိန် မှာ ဗုံးတွေခွဲတာ၊ မြို့တွေ ၀င်ပစ်တာ၊ ရွာတွေထဲမှာ လူသစ်တွေ အတင်းစုတာ၊ မြို့ပေါ်မှာ ဆက်ကြေးကော က် တာတွေကို မသိဟန်ဆောင်နိုင် လွန်းတဲ့ လွှတ်တော် အမတ်များကို အံ့သြမိပါရဲ့..

မှတ်ချက်- လွှတ်တော်အမတ်များ ကချင်စစ်ပွဲအတွက် လုပ်ဆောင်ချက်များရှိရင် ပြောပြနိုင်ပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ကချင် လွှတ်တော် အမတ် တွေ ဘယ်ရောက် ကုန်သလဲ .. ဘာလုပ်နေသလဲ ”””

Labels:

0 comments: