Pages

Sunday, November 25, 2012

“““ ဗဟုသုတ လေးပေါ့ ”””

အမေရိကန် နိုင်ငံ က နေရာ အတော် များများမှာ ပထမဆိုတာ ... လူသိကြပေမယ့် လူသိ သိပ်မများ တဲ့ ဆိုး တဲ့ ပထမ တွေလည်း ရှိတယ်။ လူသိ မများပေမယ့် စိတ်ဝင်စားဖို့ ကောင်းတဲ့ ပထမတွေကတော့ ..

ကမ္ဘာမှာ အကျဉ်းသား အရေအတွက် အများဆုံး နိုင်ငံ .. ၂၀၁၀ ခုနှစ် မှာ အကျဉ်းသား အရည်အတွက် ၂ သန်းကျော် ရှိပြီး ... လူ ၇ သန်း ကျော်ဟာ စာရိတ္တပြုပြင်ရေးအတွက် သက်ဆိုင်ရာက စောင့်ကြည့်တာကို ခံနေရတဲ့ လူတွေ ဖြစ်တယ်။ အကျဉ်းသား တွေနဲ့ သက်ဆိုင်တဲ့ ငွေကြေး သုံးစွဲရမှုဟာ ကမ္ဘာမှာ အမြင့် ဆုံး နိုင်ငံ ဖြစ်တယ်။ လူဦးရေး အချိုးနဲ့ကြည့်ရင် လူ အယောက် တစ်ရာမှာ တစ်ယောက်ဟာ အကျဉ်းကျ ခံဖူးတဲ့ လူဖြစ်တယ်တဲ့။

အကျဉ်းသား ကိစ္စမှာ သူနဲ့ ကပ်ရပ် ဒုတိယ ဆုရှင်ကတော့ တရုတ် နိုင်ငံပဲ ဖြစ်ပြီး အကျဉ်းသား အရည်အ တွက်ဟာ အမေရိကန်ရဲ့ တဝက်ပဲ ရှိပါ တယ်။ ဒါပေမယ့် သေဒဏ် ကျခံရသူ အများဆုံး နိုင်ငံဟာ တ ရုတ် နိုင်ငံဖြစ်ပြီး .. အစိုးရရဲ့ သေဒဏ်ကြောင့် အသတ်ခံရသူ ဟာလည်း တရုတ် နိုင်ငံက အများဆုံး ဖြစ် ပါ တယ်။ ဒီနေရာ မှာတော့ အမေရိကန်က ဒုတိယပဲ လိုက်ပါတယ်။

ကမ္ဘာပေါ်မှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက် နိုင်တဲ့ ဓါတ်ငွေ အများဆုံး ထုတ်တဲ့ နိုင်ငံဟာ အမေရိကန် ဖြစ် ပြီး .. ဒုတိယ ဆုရှင်ကတော့ နာမည်ကျော် တရုတ် ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ဟာ တချို့ေ သာေ လ ထု ညစ်ညမ်းစေတဲ့ ဓါတ်ငွေ့ထွက် ရှိမှု နေရာတွေမှာ အမေရိကန် ကို အမြန်နှုံးနဲ့ အမှီလိုက် နေပြီး ... တ ရုတ်ရဲ့ မတိုးတတ် သေးတဲ့ အနောက်ဘက် ကုန်းတွင်းပိုင်း ဒေသတွေနဲ့ .. တရုတ် ပြည်သူ အတော် များ များက ကိုယ်ပိုင်ကားတွေ သုံးကြမယ်ဆိုရင်တော့ ... အမေရိကန်ကို ကျော်တတ်သွား မှာ အသေအ ချာ ပါပဲ။ အခုတောင် မှီလု မှီခင် ဖြစ်နေပြီ။ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့ ... တ ကယ် လို့ တရုတ်ပြည်သူ အတော်များများဟာ ကိုယ်ပိုင်ကား ဝယ်စီးကြမယ် ဆိုရင် ... တကမ္ဘာလုံး ကနေ ဒီနေ့ ထုတ်လုပ်နေတဲ့ ရေနံ အကုန်လုံးဟာ တရုတ်နိုင်ငံရဲ့ တနိုင်ငံတည်း အတွက်တောင် မလောက် င နိုင် ဘူး ဖြစ်သွားပါ လိမ့်မယ်။

အမေရိကန်နိုင်ငံရဲ့ စစ်ရေး အသုံးစရိတ်ဟာ ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်တယ်ဆိုတာတော့ လူတိုင်း သိကြ ပါတယ်။ ဒါပေမယ့် ပမာဏ ဘယ်လောက်များသလဲဆိုတာကို နှိုင်းနှိုင်းယှဉ်ယှဉ် ပြောရရင် ... တကမ္ဘာလုံး က နိုင်ငံတွေအားလုံးရဲ့ စစ်အသုံးစရိတ်တွေ စုစုပေါင်း ပေါင်းလိုက်ရင်တောင် ... အမေရိကန်ရဲ့ စစ်အသုံး စရိတ်ကို မမှီသေးပါဘူးတဲ့။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သော ဘီလျံနာတွေ အများဆုံးရှိတဲ့ တိုင်းပြည်ဟာ .. အမေရိကန် ဖြစ်ပြီး .. ဒု တိ ယကတော့ ရုရှား ... တတိယ ကတော့ တရုတ် ဖြစ်နေတာကို တွေ့ရပါတယ်။

စိတ်ဝင်စားကြမယ်ထင်လို့ .. မျှဝေကြည့်တာပါ။

ကိုထိုက်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: