Pages

Saturday, November 24, 2012

“““ ဒေါ်အောင်ဆန်းစုကြည် ကြားသိစေလို ”””

မြန်မာနိုင်ငံကို Burma/Myanmar ဘယ်လိုခေါ်ခေါ် အရေးကြီးတာက တိုင်းပြည်ကို လူသိဖို.လို.ပဲ ယူဆ ထားခဲ့ပါတယ် ။ Burma လို.သိရင် Burma နဲ.ပြောပြီး ၊ Myanmar နဲ. သိရင် Myanmar နဲ.ပဲ ပြောဖြစ်ခဲ့ ပါ တယ် ။ တခါတလေဆိုရင် နင်တို.တိုင်းပြည်မှာ နာမည် ၂ ခု ရှိတယ်မလား လို.တောင် သူတို.က ပြော တတ် ကြပါသေးတယ် ။ Burma နဲ.သိတာများကြပြီး တချို.ကတော့ အံသြစရာကောင်းလောက်အောင် ကိုယ်က Burma လို.ပြောရင် မသိပဲ အော... Myanmar လို.ပြောတာကိုလဲ ကြုံဖူးပါတယ်။ မိုင်းမာ လို. သူ တို.အသံနဲ.ခေါ်တတ်ကြပါတယ် ။ ပြောချင်တာက အရင်က Burma နဲ.သိခဲ့ပေမယ့် အခု Myanmar လို.ပြော ရင်လည်း သိလာကြပြီဖြစ်တဲ့အတွက် ကိုယ့်မြန်မာနာမည် အခေါ်တွင်စေချင်ရင် ကိုယ်ကိုယ် တိုင် က ခေါ်ဝေါ်သုံးစွဲပေးဖို.ပါပဲ ။

ကျမ စရောက်ကာစကဆို Burma လို.ပဲသုံးတယ် ။ အစိုးရကို မကြိုက်လို.လေ ။ တကယ်ပြောတာပါ ။ ဟို ပွဲ ဒီပွဲ သွားရင်း လာရင်း လူ.စရိုက်တွေကို သိလာတဲ့အခါ Burma ဆိုတာကို လူအထင်ကြီး အောင် အ ထူးသဖြင့် အနောက်တိုင်းသား တွေနဲ.ပြောတဲ့အခါမျိုးမှာ တမင်ကို သုံးစွဲနေတဲ့ လူမျိုးတွေ ၊ အစိုးရ ဘာ လုပ်လုပ် ကန်.လန်.တိုက်မယ်ဆိုတဲ့ ဟာမျိုးတွေ ကိုလည်း တွေ.လာခဲ့ရပါတယ်။ အဲ့ဒီအခါ မှာ ကိုယ့်ကိုယ် ကို ဆင်ခြင် လာတတ်ခဲ့တယ် ။ ဒီအသုံးနဲ. ပါတ်သက်ပြီး ဖဘ မှာ ဝေဖန် နေကြတုန်းက သာမန် သဘော မျိုးနဲ.သာ ပြန်လည် ပြောဆိုခဲ့ပြီး အမေရိကန် ဆိုင်ရာ မြန်မာ သံအမတ်ကြီး နဲ.အင်တာဗျူးခြင်း ၊ ဒေါ်အော င် ဆန်းစုကြည် ရဲ့ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း တွေကို ဖတ်လိုက်ရတဲ့အခါ အရမ်း ကို အံ့အား သင့် ခဲ့ ရသလို impression လဲ ကျသွားခဲ့ရပါတယ် ။

အမေရိကန် အမတ်ကြီးရဲ့ အပြောအရ ဒီမိုကရေစီ နည်းကျ ပြောင်းလဲခဲ့တာ မဟုတ်လို. Myanmar လို. မခေါ်နိုင်တာပါ။ မြန်မာပြည်သူ တွေ သဘော ဆန္ဒအတိုင်း ခေါ်ဝေါ်သွားမှာ ပါတဲ့ ။ အိုခေ ... ဒါဆိုရင် သ မ္မတကြီး ဦးသိန်းစိန် နယူးယောက် သွားတုန်းက မြန်မာနိုင်ငံ အလံ ဘယ် အလံကို လွှင့်ထူပေး ပါသလဲ ၊ အ လံအဟောင်း လား ဒီမိုကရေစီ နည်းမကျပဲ ပြောင်းလဲထားတဲ့ အလံအသစ် ပါလား ။ ကုလသမ္မဂ ကေ ကာ ဘာကြောင့် လက်ခံ လွှင့်ထူပေး ပါသလဲ ။

နဝတ အစိုးရ လက်ထက်မှာ နိုင်ငံ အမည်သာမက မြို.အမည်များ လမ်းအမည် များကိုပါ မြန်မာ နာ မည်ပြောင်း လဲ ခေါ်ဆိုခဲ့ပါတယ် ။ ဒါကို အသိအမှတ် မပြုနိုင်လို.မခေါ်ဘူးဆိုရင်  ရန်ကုန်ကို Rangoon, ပု သိမ်ကို Basein စသည်ဖြင့် သတင်းများတွင် ထည့်သွင်း ခေါ်ဆိုရပေ လိမ့်မည် ။ ယုတ္တိရှိသော ဆင်ခြင် သာ ဖြစ်သင့် ပေသည် ။  ထို.အပြင် မြန်မာပြည်သူ တို.၏ သဘောဆန္ဒကို အလေးထားသည် ဆိုပါက နိုင် ငံ ၏ ၉၀ % မျှ လက်မခံသော ဘင်္ဂါလီများ ကို အတင်း အသိအမှတ်ပြုရန် ဖိအားပေး နေသည်မှာ အပြော နှင့် အလုပ် မညီပါ ။ ထို ဘင်္ဂါလီများ သည် စနစ်ဟောင်းက ဒီမိုကရေစီ နည်းလမ်းမကျစွာ တိုင်းပြည်တွင်း ခိုးဝင် ဝင်ရောက် နေထိုင်နေကြသူများ သာဖြစ်၍ ကျမတို. မြန်မာပြည်သူ များကလည်း လက်မခံနိုင် ဟု ပြန်ပြောလိုပါသည် ။

 အိုဘားမား ပြောသွားသည်တွင် ၄င်း၏ အသားအရောင် သည် အရင်တချိန်က မဲပင် ပေးခွင့်မရှိခဲ့ ဟုဆို ပါ သည် ။ မှန်ပါသည် ။ သို.သော် အမေရိက နှင့် မတူ ကွဲပြားသည်က ကျမတို.နိုင်ငံတွင် အသားအရော င် ပြဿနာဖြစ်နေခြင်းမဟုတ်ပါ ။ မြန်မာပြည်တွင်းတွင် တခြားနိုင်ငံ များထက်များ သော တိုင်းရင်းသား ၁၃၅ မျိုးနှင့် အခြား အေးဆေး နေထိုင်သော  ဟိန္ဒူ ၊ နီပေါ ၊ ဂေါ်ရခါး ၊ တရုတ် စသည်ဖြင့် မတူညီသော အသား အရောင်များ ရှိကြပါသည် ။ မည်သည့် ပြဿနာမှ မရှိပါ ။ ယခု ရခိုင်ပြည်နယ် တွင် ဖြစ်ပွားနေခြင်း သည် ဒီမိုကရေစီ နည်း မကျခင် ကတည်းက ခိုးဝင် ဝင်ရောက်ပြီး ဒီမိုကရစီနည်းမကျ ပဲ နေထိုင်နေ ကြသူ များမှ မိမိ ခိုလှုံနေထိုင်ရာ ဒေသကို ပြန်လည် ဖျက်ဆီးနေကြသည့် အကြမ်းဖက်မှု.သာဖြစ်ပေသည် ။ နိုင် ငံသား ဖြစ်ခြင်း မဖြစ်ခြင်းထက် မတန်မရာ တိုင်းရင်းသားအဖြစ် လွန်ကျူး တောင်းဆို နေကြခြင်းကို  နိုင်ငံ ၏ ၉၀% မှ လက်သင့်မခံခြင်း ဒီမိုကရေစီနည်းကျ ပေသည်  ။ ယခင် စစ်အစိုးရ အုပ်ချုပ်စဉ် ကပင် ပြည် သူ. ဆန္ဒမပါ ၊ ဒီမိုကရေစီ နည်းမကျပဲ စစ်အစိုးရပိုင်း ကို အမေရိကမှ လက်ခံ အသိအမှတ်ပြု ဆက်ဆံခဲ့ သည်ကို ပြန်လည် မှတ်မိစေ လိုပါသည် ။

တဖန် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို.ခေါင်းဆောင်အနေဖြင့် Burma ဟု နှုတ်ကျိုးနေခဲ့ပြီး အစိုးရက သ တိပေးမှ လက်မခံနိုင်သော ဆင်ခြင်ပေးသည်ကို ရှက်ရမ်းရမ်းသည်ဟုသာ မြင်မိပါသည် ။ ဘယ်တုန်းကမှ အ စိုးရသည် ပြည်သူ.ဆန္ဒအတိုင်း မလုပ်ခဲ့သည်ကို သိပါရက်နဲ. မိမိ လက်ခံနိုင်သည့်အရာများကိုတော့ လိုက်လျောညီထွေ လက်ခံခဲ့ပြီး နိုင်ငံအခေါ်အဝေါ်ကျမှ ယုတ္တိမတန်သော ဆင်ခြင်ပေးသည် မှာ ခေါင်းေ ဆာ င်ေ ကာင်းတစ်ရပ်၏ လုပ်ရပ်မဟုတ်ပါ ။ လူတိုင်း အမှားမကင်းပါ ။ အရင်က နှုတ်ကျိုးနေ၍ Burma ဟု ပြောဆိုသုံးနှုန်း ခဲ့သော်လည်း Myanmar ဟု ကုလသမ္မဂ အသိအမှတ်ပြု ပြန်လည် ခေါ်ဆိုလျှင်လည်း မည်သူမှ ဘာမှ ပြောမည်မဟုတ်ပါ ။ အပြစ်တင် မည်လည်းမဟုတ်ပါ ။ ပြင်စရာ ရှိ၍ ပြင် သည့် ခေါင်းေ ဆာင်ကောင်းဟု ပြည်သူများက လေးစားလိမ့်မည် ။ ယခု Myanmar ခေါ်ရန် ဆန်. ကျင်ပါက  ဒေါ်အောင် ဆန်း စုကြည် အနေဖြင့် ပြည်သူ.ဆန္ဒမပါပဲ အစိုးရလုပ်ခဲ့သည့် ကိစ္စတိုင်းကို ဆန်.ကျင်ရပါမည်။ အပြောနှင့် အလုပ် ညီရပါမည် ။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရခိုင်အရေးတွင် ရခိုင်လူမျိုးများ၏ ထောက်ခံမှု ဆုံးရှုံးခဲ့ရသလို ကျမ ၏ လေးစားစိတ်များသည် လှုပ်တုပ်တုပ် ဖြစ်ခဲ့ရပါသည် ။ ယခု နိုင်ငံအမည် အသုံးအနှုန်းနှင့် ပါတ်သက် ၍ impression လုံးဝ မရှိတော့ပါ ။ ထို.ကြောင့် ပြည်သူ. ခေါင်းဆောင် တစ်ယောက် အနေဖြင့် မိမိပြော စကား ကို မပြောခင် စဉ်းစားစေချင်သလို ၊ ပြောသလို လည်း လုပ်စေချင်မိပါသည် ။

လေးစားစွာဖြင့်

simple views

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဒေါ်အောင်ဆန်းစုကြည် ကြားသိစေလို ”””

Labels:

0 comments: