မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် ရောက်ရှိမည် ဖြစ်သော အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်၌ သမိုင်းဝင် ရွှေတိဂုံစေ တီတော် ကြီးအား သမ္မတကြီးဦးသိန်းစိန်က လိုက်လံပို့ဆောင်မည့် အစီအစဉ်အား ဖျက်သိမ်းလိုက်ေ ကြာင်း သမ္မ တ ရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ရွှေတိဂုံစေတီတော်သို့ သွားရောက်မည့် ခရီးစဉ်ဖြတ်သိမ်းလိုက်ရခြင်းမှာ အမေရိကန် သမ္မတဖြစ်သူ အိုဘားမားက မြန်မာ့ ဓလေ့ထုံးတမ်းအရ ဘုရားရင်ပြင်တော်အတွင်း ၎င်းတို့ ဖိနပ်ချွတ်ရမည် ဖြစ်သော် လည် ၎င်းတို့၏ လုံခြုံရေးများအနေဖြင့် ဖိနပ်မချွတ်နိုင်သောကြောင့် ခရီစဉ်အားဖျက်သိမ်း လိုက်ခြင်းဖြစ်ေ ကြာင်း သိရသည်။
“သမ္မတကြီးက ရွှေတိဂုံဘုရားကို လိုက်ပို့ဖို့ စီစဉ်ထားတယ်။ အိုဘားမားက ဖိနပ်ချွတ်နိုင်ပေမယ့် သူရဲ့လုံ ခြုံေ ရး တာဝန်ယူ တဲ့သူတွေအနေနဲ့ ဖိနပ်မချွတ်နိုင်တဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်း လိုက်ရတယ် ” ဟု ၎င်းကပြောကြားသည်။
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း နေ့လည် ၂ နာရီခန့်တွင် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရပြီး အဆိုပါ မိန့် ခွန်းပြောရန် နေရာအား သမ္မတကြီး ဦးသိန်းစိန်မှပင် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်းထပ်မံသိရ သည်။

မောင်ကျောက်ခဲ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။