Pages

Friday, November 9, 2012

““ ပြည်ပရောက် ရခိုင်များသို့ အမေရိကန် ရောက် မြန်မာ အမျိုးသမီး တစ်ဦး မှ ပေးစာ ””

... ရခိုင် ပြည်သား အပေါင်းသို့

ကျမအနေနဲ့ ခုချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပေမယ့်လည်း အမိမြန်မာနိုင်ငံရဲ့သတင်းကို စဉ်ဆက်မပြတ် စောင့်ဖတ်ခြင်းနဲ့ နားထောင်ခြင်းများကို အချိန် ရသလောက် ကျိုးစား ဆောင်ရွက်နေသူ တ ဦးဖြစ်ပါတယ်။ ကျမ ငယ်စဉ်ကတည်းက ရခိုင်လူမျိုးတွေကို အင်မတန်မှလေးစားပါတယ်။ ဘာကြောင့်လဲ ဆိုရင် ရခိုင်ကမ်းမြောင် ဒေသမှာ ရခိုင်လူမျိုးတွေကြောင့် မြန်မာပြည်ဟာ ဘင်္ဂလာပြည်လက်အောက်ခံ မဖြစ် ခဲ့ တာပါ။ ဘာသာရေးကိုလည်း အလွန်မှ ကြည်ညိုလေးစားတာသိထားတော့ အမျိုး၊ဘာသာ၊ သာသ နာအတွက် အလွန်တရာဂုဏ်ယူမိပါတယ်။

ကျမအနေနဲ့ ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေကို အားမနာတမ်းပြောရမယ်ဆို ရင် ရခိုင်ပြည်နယ်မှာ ဥ ပမာ မွတ်ဆလင်ဘာသာဝင်တယောက်က အိမ်ထောင်ပြုလျှင် မိန်းမ ၄ ယောက်ယူခွင့်ရှိပြီး ခလေးမွေး ဖွားနှုန်း ကလည်း အိမ်ထောင်စုတခုလျှင် ၂၈ ဦး အိမ်ထောင်တခုမှာ အနည်း ဆုံး ၁၀ ဦးနှုန်းနဲ့မွေး ဖွား ခဲ့တော့ ယခုအခါမှာတော့ ရခိုင်မိ သားစု ၁၀ ဦးလျှင် ခန့်မှန်းခြေ အလွန်ဆုံး ၂၀ နှုန်းတိုးခဲ့ပေ မယ့် မွတ် ဆ လင်များက တော့ ၁၀ ဦးလျှင် ၂၀၀ နှုန်း တိုးပွားခဲ့ပါတယ်။ဒီတော့ ကနေ့အခြေအနေဟာ ရခိုင် လူနည်း စုဖြစ် ခဲ့တာ မဆန်းပါဘူး။

အဓိက အဲဒီကိစ္စဟာ ရခိုင်လူမျိုးတွေမှာပဲ တာဝန်ရှိပါတယ်။ အခုတင်ပြတာကို စိတ်မဆိုးပါနဲ့ အမှန်အတိုင်း ရိုးသားစွာတင်ပြတာပါ။ ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ဆင်းရဲကြပ်တည်းလွန်းတာကြောင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနဲ့ အများဆုံးကတော့၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တော်လှန်ရေးအတွက် ထိုင်းနိုင် ငံကို ထွက် ခဲ့ကြသလို ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်ဖို့ ရနောင်း၊ဘန်ကောက်၊မဲဆောက်၊ချင်းမိုင် စတဲ့နေ ရာတွေကို သောင်းနဲ့ချီရောက်ကြပါတယ်။မလေးရှားမှာတော့ သောင်းနဲ့ချီတဲ့ ရခိုင်လူမျိုးများရောက်နေ ကြ ပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာလည်း ဒုက္ခသသည်အစီအစဉ်နဲ့ ထောင်ချီတဲ့ ရခိုင်လူမျိုးတွေ ရောက် ရှိနေပါပြီ။အဆိုးဝါးဆုံးအချက်ကတော့ ရခိုင်လူမျိုးသည် မိမိတို့ အမျိုးသားရေးကို ထိန်သိမ်းတဲ့အနေနဲ့ အခြားသောလူမျိုးကို အိမ်ထောင်ပြုလေ့မရှိကြပါ။ထို့အပြင် ရခိုင်အမျိုးသမီးများ ကလည်း ပြည်ပနိုင် ငံတွေကို ထွက်လေ့မရှိကြတော့ ရခိုင် အမျိုးသားတွေအနေနဲ့ မိမိတို့လူမျိုးအချင်းချင်း အိမ်ထောင်ပြုဖို့ အ ခွင့်အလမ်းနည်းပါး ကြတာအမှန်ပါ။

ဒါကြောင့် အရင်ကဘယ်လိုဘဲဖြစ်ဖြစ်စေတော့ ယခုအချိန်မှာ မြန်မာပြည်လည်း အပြောင်းအလဲစ တင်နေ ချိန်မို့ နိုင်ငံတကာရောက် ရခိုင်လူမျိုးများအနေနဲ့ ပြည်ပနိုင်ငံတွေမှာနေရတဲ့ အခက်အခဲပေါင်းစုံကို ကျ မလိုဘဲခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါ တယ်။ ထို့ကြောင့် အမျိုးသားရေး တာဝန် တရပ်ကို ထမ်းဆောင်နိုင် ကြဖို့ မိမိတို့ဇာတိ  ရခိုင်ပြည်နယ်သို့ပြန်ကြပြီး မိမိတို့လူမျိုးများရဲ့ မျိုးဆက်သစ်များကို လမ်းပြပေး ကြ စေလိုပါ တယ်။ဒါ့အပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာ စွမ်းအားရှိသလောက် ပါ ၀င် ဆောင် ရွက်နိုင်ကြဖို့ နဲ့ မိမိတို့ ရခိုင်မျိုး ဆက်သစ် တိုင်းရင်းသား စစ်စစ်များတိုး ပွားပြီး မျိုးဆက်အင် အားကောင်း အောင်ဆောင် ရွက်ဖို့ တိုက်တွန်း လိုပါတယ်။

ဆက်လက်ပြီး ပြည်ပမှာဘဲနေကြမယ်ဆိုရင် တဖြေးဖြေးနှင့် ရခိုင်လူမျိုးဆိုတာ နောင်အခါမှာ ပန်းချီဆွဲ ကြည့် ရ မယ်လို့ သတိပေးပါရစေ။ ဒါကြောင့် ပြည်ပရောက်ရခိုင်အမျိုးသားများ(ရခိုင်လူမျိုးများအားလုံး) ရခိုင်ပြည် နယ်ကို ပြန် လာကြဖို့ တိုက်တွန်းပါရစေ။

ခင်စန်းနွယ်

( ဇီးကုန်းမြို့ ဦးစံလှဘော်၏ မြစ်။ ခေတ္တ/အမေရိကန်ပြည်ထောင်စု )

Arakan Ashin Kundala

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

““ ပြည်ပရောက် ရခိုင်များသို့ အမေရိကန် ရောက် မြန်မာ အမျိုးသမီး တစ်ဦး မှ ပေးစာ ””

Labels:

0 comments: