Pages

Sunday, November 4, 2012

“ ဗုဒ္ဓဘာသာ အစွန်းရောက် လို့ စွတ်စွဲ နေကြတယ် ”

မြန်မာလူမျိုးကို ဗုဒ္ဓဘာသာနဲ့တွဲပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးလို့ သိကြပါတယ်။ မြန်မာလူမျိုများဟာ ဗုဒ္ဓ ဘာ သာကို ကိုးကွယ်ကြတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဆိုတာ မဇ္ဈိမပဋိပဋာ ဆိုတဲ့ အလယ်အလတ် လမ်းစဉ် ကို ဟောကြားထားလို့ အစွန်းရောက်တယ် ဆိုတာ မိစ္ဆာဒိဋ္ဌိတွေရဲ့ အယူအဆကိုသာ ခေါ်ဆိုပါတယ်။ ဗုဒ္ဓ ဘာသာဟာ သတ္တ၀ါတွေကို ကိုယ်နဲ့တန်းတူ မေတ္တာ မဟာဂရုဏာထားရမယ်၊ ကိုယ်ပြုသည့်ကံ ကိုယ်ခံ စား ရမယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်လည်း မကောင်းတာပဲ ဖြစ်မယ်။ ငရုပ်သီးပင်စိုက်ပြီး ပန်းသီးသီးပါစေလို့ ဆုတောင်းနေလို့ မရဘူး။

ကမ္ဘာကြီးလုံးတယ်ဆိုတာ သိတာ မကြာသေးပေမယ့် ဗုဒ္ဓကတော့ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် က တည်းက နေစင်္ကြာဝဠာအကြောင်းကို ဟောကြားခဲ့တယ်။ အဏုမြူရဲ့ အကြောင်းကို ဟောခဲ့တယ်။ ဒြပ်ကြီး ၄ ပါးနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးကို ဘယ်သူမှ မဖန်ဆင်းဘူး ရေ၊ မြေ၊ လေ၊ အပူ(အလင်းရောင်) နဲ့ ဖွဲ့ စည်း ထားပြီး သဘာဝအလျောက် သတ္တ၀ါ တွေဖြစ်လာကြတယ်။ ရေထဲက ရေမှော်လေးတွေက စပြီး သက် ရှိဖြစ်လာခဲ့တယ်။ ဒါတွေကို သိပ္ပံပညာက မတွေ့ခင်ထဲက ဗုဒ္ဓဘုရား ဟောကြားခဲ့တာပါ။ နောက် ဗုဒ္ဓ ဘာသာမှာ ဒါန၊ သီလ၊ ဘာသနာ ဆိုတဲ့ ပညာ ၃ ရပ်ထဲမှာ ဒါန ဆိုတာ က ကြီး ခခွေး အဆင့်ပဲ ရှိပါတယ်။

သီလ ဆိုတာ စောင့်ထိမ်းတာပါ။ သီလ ဆိုတဲ့ ကိုယ်ကျင့်သိက္ခာကို စောင့်ထိမ်းပြီး ဘာဝနာ(တရား) အား ထုတ် ရမယ်။ ဒါနောက်ဆုံး အဆင့်ပါ။ ဗုဒ္ဓဘာသာဟာ မည်သူမဆို လေ့လာကြည့်ပါ။ လေ့လာပြီးမှ လက်ခံ ကျင့်သုံးပါလို့ အတိအလင်းကြေညာ ထားပြီးသားပါ။ သဘာဝကျကျ နေထိုင်ကျင့်သုံးတာကို ဗုဒ္ဓဘာသာ အ စွန်းရောက်တွေလို့ စွတ်စွဲရင် -

ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေလို့ ဘယ်နေရာမှာ များ ရှိပါသလည်း?

ကျန်တဲ့ ဘာသာ ၂ မျိုးဖြစ်တဲ့ ဟိန္ဒူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ၊ ခရစ်ယာန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ဆိုတာ ရှိရင် တောင်းဆိုကြတာ ရှိရင် ပြစမ်းပါ ....

ဘယ် ဘာသာ က အစွန်းရောက် လို့ လူချင်း အတူတူ ဘာသာ တရားနဲ့ အုပ်ချုပ် တဲ့ နယ်မြေ ဆိုပြီး သတ် သတ်တောင်း ဆိုနေကြတာပါလဲ?

မည်သူ အစွန်းရောက်သလဲ?

Say Nyon Thu

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: