Pages

Sunday, November 4, 2012

ရခိုင် ပြည်နယ် ပဋိပက္ခများ အတွက် အဖွဲ့အစည်း အသီးသီး စုပေါင်း၍ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေညာချက် ထုတ်ပြန်

ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကိစ္စရပ်များနှင့် ပတ်သက်၍ နိုဝင်ဘာ ၁ ရက်၌ ဘာ သာရေး၊ လူမှုရေး၊ နိုင်ငံရေးအဖွဲ့ အသီးသီးတို့မှ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေညာချက် တစ်စောင်အား စုပေါင်း လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ် အတွင်း ဖြစ် ပွားခဲ့သော ပဋိပက္ခ အရပ်ရပ်တို့ အပေါ်၌ နိုင်ငံရေးပါတီများ၊ လူမှုရေး အထောက်အကူပြု အဖွဲ့အစည်း များနှင့် ဘာသာရေး ခေါင်းဆောင်များမှနေ၍ ငြိမ်းချမ်းရေးအပေါ်တွင် အခြေပြုတွေ့ဆုံ ဆွေးနွေး ကာ နိုဝင် ဘာငြိမ်းချမ်းရေး ကြေညာချက်အား စုပေါင်းလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

၎င်းကြေညာချက်၌

(၁) ရခိုင်ပြည်နယ်အတွင်း ဖြစ်ရပ်မှန်များကို ပိုမို၍ ပွင့်လင်းမြင်သာစွာ သုံးသပ်နိုင်ရန် အတွက် နိုင်ငံ ပိုင် မီ ဒီ ယာ များနှင့် ပုဂ္ဂလိက မီဒီယာများမှ ဖော်ပြပေးရန်။

(၂) ယခုကဲ့သို့ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အဖွဲ့အစည်း အသီးသီး ၏ ကိုယ်စား လှယ် များနှင့် ပြည်ထောင် စု အစိုးရ အဆင့် ကိုယ်စား လှယ်များ ပါ ဝင်သော ပိုမို ကျယ်ပြန့်သည့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနှီးနှော ဖလှယ်ပွဲများ ကျင်းပပေး ရန် ။ ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီး အား အကြံပြု တောင်းဆို ကြသည်။

(၃) ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် သက် ဆိုင် ရာ နိုင်ငံတော်အစိုးရ တာဝန်ရှိသူများအား ချီးကျုးပြီး ယခုထက် ပိုမိုထိရောက်သော ဆောင်ရွက်ချက် များကို အလျင်အမြန် အကောင်အထည်ဖော်ရန် မိမိတို့က တညီတညွတ်တည်း တိုက်တွန်းကြသည် ဟု ပါရှိသည်။

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရာတွင် ရခိုင်ပြည်နယ်ဘက်မှ ရဟန်းတော်များ ဦးဆောင်ပါဝင်ပြီး အစ္စ လာမ် ဘာသာရေး ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။ ၄င်းတို့၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များ ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ကြေညာချက် ထွက်ပေါ်လာရန်အတွက် ဘာသာရေး၊ လူမှုရေး ၊ နိုင်ငံရေး စသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များမှနေ၍ သဘောတူညီကာ ရခိုင်ပြည်နယ် အ တွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအရပ်ရပ်တို့အပေါ် ငြိမ်းချမ်းမှု ရရှိနိုင်စေရန်အတွက် ယခုကဲ့သို့ တွေ့ ဆုံဆွေးနွေး ခဲ့သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် News Watch Weekly ဂျာ နယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရခိုင် ပြည်နယ် ပဋိပက္ခများ အတွက် အဖွဲ့အစည်း အသီးသီး စုပေါင်း၍ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေညာချက် ထုတ်ပြန်

Labels:

ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကိစ္စရပ်များနှင့် ပတ်သက်၍ နိုဝင်ဘာ ၁ ရက်၌ ဘာ သာရေး၊ လူမှုရေး၊ နိုင်ငံရေးအဖွဲ့ အသီးသီးတို့မှ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေညာချက် တစ်စောင်အား စုပေါင်း လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ် အတွင်း ဖြစ် ပွားခဲ့သော ပဋိပက္ခ အရပ်ရပ်တို့ အပေါ်၌ နိုင်ငံရေးပါတီများ၊ လူမှုရေး အထောက်အကူပြု အဖွဲ့အစည်း များနှင့် ဘာသာရေး ခေါင်းဆောင်များမှနေ၍ ငြိမ်းချမ်းရေးအပေါ်တွင် အခြေပြုတွေ့ဆုံ ဆွေးနွေး ကာ နိုဝင် ဘာငြိမ်းချမ်းရေး ကြေညာချက်အား စုပေါင်းလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

၎င်းကြေညာချက်၌

(၁) ရခိုင်ပြည်နယ်အတွင်း ဖြစ်ရပ်မှန်များကို ပိုမို၍ ပွင့်လင်းမြင်သာစွာ သုံးသပ်နိုင်ရန် အတွက် နိုင်ငံ ပိုင် မီ ဒီ ယာ များနှင့် ပုဂ္ဂလိက မီဒီယာများမှ ဖော်ပြပေးရန်။

(၂) ယခုကဲ့သို့ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အဖွဲ့အစည်း အသီးသီး ၏ ကိုယ်စား လှယ် များနှင့် ပြည်ထောင် စု အစိုးရ အဆင့် ကိုယ်စား လှယ်များ ပါ ဝင်သော ပိုမို ကျယ်ပြန့်သည့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနှီးနှော ဖလှယ်ပွဲများ ကျင်းပပေး ရန် ။ ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီး အား အကြံပြု တောင်းဆို ကြသည်။

(၃) ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် သက် ဆိုင် ရာ နိုင်ငံတော်အစိုးရ တာဝန်ရှိသူများအား ချီးကျုးပြီး ယခုထက် ပိုမိုထိရောက်သော ဆောင်ရွက်ချက် များကို အလျင်အမြန် အကောင်အထည်ဖော်ရန် မိမိတို့က တညီတညွတ်တည်း တိုက်တွန်းကြသည် ဟု ပါရှိသည်။

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရာတွင် ရခိုင်ပြည်နယ်ဘက်မှ ရဟန်းတော်များ ဦးဆောင်ပါဝင်ပြီး အစ္စ လာမ် ဘာသာရေး ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။ ၄င်းတို့၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များ ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ကြေညာချက် ထွက်ပေါ်လာရန်အတွက် ဘာသာရေး၊ လူမှုရေး ၊ နိုင်ငံရေး စသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များမှနေ၍ သဘောတူညီကာ ရခိုင်ပြည်နယ် အ တွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအရပ်ရပ်တို့အပေါ် ငြိမ်းချမ်းမှု ရရှိနိုင်စေရန်အတွက် ယခုကဲ့သို့ တွေ့ ဆုံဆွေးနွေး ခဲ့သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် News Watch Weekly ဂျာ နယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်
0 comments: