Pages

Saturday, November 10, 2012

“““ ကမ္ဘာ့ဘဏ် က ကန်ဒေါ်လာ ၁၆၅ သန်း အတိုးမဲ့ ချေးမယ် ”””

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေမှာ အထောက်အကူ ဖြစ်စေဖို့ အတွက် ကမ္ဘာ့ဘဏ်က အမေရိ ကန် ဒေါ်လာ သန်းပေါင်း ၁၆၅ သန်းကို နောက် ၁၈ လကျော်ရင် အတိုးမဲ့ ချေးသွားဖို့ ရှိပါတယ်။
 
ကမ္ဘာ့ဘဏ် ဥက္ကဌ မစ္စတာ ဂျင်ယုံကင်းက "မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေး ဆောင် ရွက်ချက်များကို အားပေးကြောင်း၊  ကမ္ဘာ့ဘဏ်အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာပါဝင်သည့် အလျှောက် ဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ကျန်းမာရေး၊  ပညာရေးနှင့် အခြေခံ အဆောက်အအုံများ တိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့် အလမ်းများအတွက် ကြိုးစားလုပ်ဆောင်သွားမည်" ဟု ကြေညာချက်တွင်လည်း ဖော်ပြထားပါတယ်။

နိုဝင်ဘာ ပထမသတင်းပတ်က ရန်ကုန်မြို့ အင်းယားလိတ် ဟော်တယ်မှာ ကျင်းပသွားခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ သတင်းစာရှင်းလင်းပွဲအရ သိရတယ်လို့ မြန်မာ့အလင်းသတင်းစာက ဖော်ပြထားပါတယ်။ 

ကမ္ဘာ့ဘဏ်က အဆိုပါ အမေရိကန် ဒေါ်လာ ၁၆၅ သန်း ချေးယူမယ်ဆိုရင် ၀န်ဆောင်ခအဖြစ် ၀. ၇၅ ရာ ခိုင်နှုန်း ပေးရမှာဖြစ်ပြီး ပထမ ၁၀ နှစ်အတွင်း ချေးငွေ ပြန်ဆပ်စရာ မလိုပဲ ထိုနောက်ပိုင်း နှစ်ပေါင်း ၄၀ အ တွင်း အရစ်ကျ ပြန်ဆပ်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ 

ကမ္ဘာ့ဘဏ်က ပြည်သူ့ဖွံ့ဖြိုးရေး ၆ နှစ်စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ သန်း ၈၀ နဲ့ အပစ်အခတ် ရပ် ဆဲရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လည်း အမေရိကန် ဒေါ်လာ ၅ သန်းကို မကြာသေး မီကပဲ ထောက်ပံ့ငွေအဖြစ်ပေးမှာဖြစ်တယ်လို့ ပြောဆိုထားပြီးဖြစ်ပါတယ်။  

အိမ့်သံစဉ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ကမ္ဘာ့ဘဏ် က ကန်ဒေါ်လာ ၁၆၅ သန်း အတိုးမဲ့ ချေးမယ် ”””

Labels:

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေမှာ အထောက်အကူ ဖြစ်စေဖို့ အတွက် ကမ္ဘာ့ဘဏ်က အမေရိ ကန် ဒေါ်လာ သန်းပေါင်း ၁၆၅ သန်းကို နောက် ၁၈ လကျော်ရင် အတိုးမဲ့ ချေးသွားဖို့ ရှိပါတယ်။
 
ကမ္ဘာ့ဘဏ် ဥက္ကဌ မစ္စတာ ဂျင်ယုံကင်းက "မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေး ဆောင် ရွက်ချက်များကို အားပေးကြောင်း၊  ကမ္ဘာ့ဘဏ်အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာပါဝင်သည့် အလျှောက် ဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ကျန်းမာရေး၊  ပညာရေးနှင့် အခြေခံ အဆောက်အအုံများ တိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့် အလမ်းများအတွက် ကြိုးစားလုပ်ဆောင်သွားမည်" ဟု ကြေညာချက်တွင်လည်း ဖော်ပြထားပါတယ်။

နိုဝင်ဘာ ပထမသတင်းပတ်က ရန်ကုန်မြို့ အင်းယားလိတ် ဟော်တယ်မှာ ကျင်းပသွားခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ သတင်းစာရှင်းလင်းပွဲအရ သိရတယ်လို့ မြန်မာ့အလင်းသတင်းစာက ဖော်ပြထားပါတယ်။ 

ကမ္ဘာ့ဘဏ်က အဆိုပါ အမေရိကန် ဒေါ်လာ ၁၆၅ သန်း ချေးယူမယ်ဆိုရင် ၀န်ဆောင်ခအဖြစ် ၀. ၇၅ ရာ ခိုင်နှုန်း ပေးရမှာဖြစ်ပြီး ပထမ ၁၀ နှစ်အတွင်း ချေးငွေ ပြန်ဆပ်စရာ မလိုပဲ ထိုနောက်ပိုင်း နှစ်ပေါင်း ၄၀ အ တွင်း အရစ်ကျ ပြန်ဆပ်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ 

ကမ္ဘာ့ဘဏ်က ပြည်သူ့ဖွံ့ဖြိုးရေး ၆ နှစ်စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ သန်း ၈၀ နဲ့ အပစ်အခတ် ရပ် ဆဲရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လည်း အမေရိကန် ဒေါ်လာ ၅ သန်းကို မကြာသေး မီကပဲ ထောက်ပံ့ငွေအဖြစ်ပေးမှာဖြစ်တယ်လို့ ပြောဆိုထားပြီးဖြစ်ပါတယ်။  

အိမ့်သံစဉ်
0 comments: