Pages

Wednesday, October 24, 2012

ကိုမင်းကိုနိုင် ဘာနဲ့ ထမင်းစားသလဲ..

အောက်တိုဘာလ ၂၄ ၊ ၂၀၁၂

ခေါင်းစဉ်ကို ကြည့်ပြီး လက်နဲ့ထမင်းစားတာပေါ့ ဆိုပြီး တွေးကောင်းတွေးနိုင်ပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ယနေ့ အချိန်ထိ  စားရေးသောက်ရေးအတွက် လုပ်ဆောင်ခဲ့တာလဲ မရှိဘူး။ မကြာခင်မှာလဲ ပါတီေ ထာင်ြ ပီး ရွေးေ ကာက်ပွဲဝင်တော့မယ်။ ကံကောင်းရင်တော့ သမ္မတ တောင် ၂၀၁၅ မှာ ဖြ စ်နိုင်သေးတယ် ဆိုတော့ ကျွန်တော်တို့ ကိုမင်းကိုနိုင် သမ္မတမဖြစ်ခင် သူ့အကြောင်းလေးတွေ အရင်လေ့ လာကြည့်ရေ အာင်ပါ။

                                   အခမ်းအနားတစ်ခုတွင် တွေ့ရသော ကိုမင်းကိုနိုင်

ကိုမင်းကိုနိုင် ရဲ့ ငယ်စဉ်ဘဝ
အမည်ရင်း- ပေါ်ဦးထွန်း
မွေးသက္ကရာဇ်- ၁၀.၁၀.၁၉၆၂
အဖ ဦးသက်ညွန့်(ပန်းချီဆရာကြီး) ၊ အမိ ဒေါ်လှကြည်မှ မွေး မွေးချင်း(၆)ယောက်၊ တတိယသား၊ သင်္ဃန်းကျွန်း အထကမှာ ၁၀ တန်းအောင်၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒ ကျောင်းသား ၊ ၈၈ အရေးအခင်းမှာ ဆူပူမှုတွေလုပ်ဆောင်ခဲ့မှုကြောင့် ၁၉၈၉ မတ် ၂၃ မှာ ထောင် အနှစ် ၂၀ ကျခဲ့ တယ်။ ကျောင်းသားဘ၀မှာ ကဗျာတွေရေးတယ်၊ကာတွန်းဆွဲတယ်၊ ကိုယ်တိုင် အပြင်မှာ တစ်ခုခု မလုပ်ခဲ့ဘူး ဆိုရင်တောင် ဒီခေတ်ကျောင်းသားတွေလို မိဘဆီက ပြန်တောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတော့ ပထမ အကြိမ် ထောင်မကျ ခင် အသက်(၂၉)နှစ်အရွယ်ထိ အမေကကျွေးတဲ့ ထမင်းကို ကိုမင်းကိုနိုင်စားခဲ့တယ်။
၁၉၈၉ ကနေ ၂၀၀၄ နိုဝင်ဘာ ၁၉ အထိ (၁၅) နှစ်ကာလ ကိုတော့ နိုင်ငံတော် က ကျွေး တယ်။ နောက် တစ်ကြိမ် ထောင်ပြန်ကျအုံးမယ့် ၂၀၀၆ စက်တင်ဘာလအထိ (၂) နှစ်အတောအတွင်းမှာ လည်း ဘာစီး ပွားေ ရး တစ်ခုမှာမှ ၀င်ပါ ခဲ့ခြင်း မရှိဘူး။ နောက်တော့ ၂၀၀၇ ဇန်န၀ါရီမှာ ပြန်လွတ်ပြီး အဖြူရောင် လှုပ်ရှားမှုေ တွ၊ သံဃာ့ အရေး အခင်း ဖြစ်အောင် လှုံ့ဆော်မှုတွေကြောင့် ဥပဒေအရ ၂၀၀၇ သြဂတ်လ ၂၁ မှာ ပြန် အဖမ်းခံရပြီး ထောင် (၆၅) နှစ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲ နေစဉ်ကာလ တ စ်ေ လျှာ က်လုံး မှာေ တာ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရ ကြောင်း တွေ ကိုတော့ မီဒီယာ လေ လှိုင်းများ တွင် ဖော်ပြခဲ့ဖူးသည်။
သမ္မတကြီး ဦးသိန်းစိန် လက်ထက် လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက်လာပြီးသည့်နောက် အထင် ရှား ဆုံး ၀ င်ငွေ ရရှိစရာ တစ်ခုမှာ လုံးချင်းဝတ္ထြု ဖစ်သည့် ‘ နောက်ကြည့်မှန်’ ကို ဒါရိုက်တာ ၀င်းထွန်း ထွန်းမှ အမြင့် ဆုံး ကြေးဖြင့် ၀ယ်ယူခဲ့ခြင်းပင် ဖြစ်သည်။ 
ထို့နောက်တွင်တော့ ၈၈ ကျောင်းသား သုံးဦး ပေါင်းပြီး ရေးဆွဲထားသည့် ပန်းချီလက်ရာများ ပါဝင် သော ဂစ်တာ တစ်လုံး ကို ကျပ်သိန်းပေါင်း ၅၈၈ သိန်း ဖြင့် Sky Net ရုပ်သံလိုင်းမှ အထွေထွေ မန်နေဂျာ ဦးဝင်းနို င် က ၀ယ်ယူခဲ့ပြီး ဂီတပညာရှင် အယောက် ၈ဝ ၏ဖြေဖျော်မှု၊ ၈၈ ကျောင်းသားေ ခါင်းဆောင် များ ထောင် ထဲ ရှိနေစဉ်အတွင်း ရေးစပ်ထားသော ကဗျာ ရွတ်ဆိုမှုများ ပါဝင်သည့် ကုသိုလ်ဖြစ် ပွဲတော်မှ စုစုေ ပါင်း ငွေကျပ် သိန်းပေါင်း ၃,၀၀၀ ကျော် လက်ခံရရှိခဲ့သည်။ ဒီအလှူငွေများအနက် ကျပ်သိန်းပေါင်း ၆ဝဝ ကို ရေေ ဘး ဒုက္ခသည်၊ လူမှုရေးဆိုင်ရာ အရေးအခင်း ဖြစ်လျက်ရှိတဲ့ ရခိုင်ဒေသ၊ ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များ အတွက် အသီးသီးလှူဒါန်းမည်ဟု ဆိုခဲ့သည်။
ထို့ပြင် ကိုမင်းကိုနိုင်ရရှိခဲ့သည့် ဆုတံဆိပ်များမှ  Gwangju Prize for Human Rights ဆုသည် ဆုကြေးအဖြစ်  ဒေါ်လာ ၅၀၀၀၀  ချီးမြှင့်လေ့ရှိသည်။ The Civil Courage Prize သည်   ဒေါ်လာ ၁၀၀၀ ဆုကြေးပါဝင်ပြီး The Student Peace Prize သည် စတာလင်ပေါင် ၅၀၀၀ ခန့်ရရှိသည်။ The John Humphrey Freedom Award  ကတော့ ကနေဒါဒေါ်လာ ၂၅၀၀၀ ခန့်ရရှိသည်။
အထက်ပါ ကိန်းဂဏန်များကို ကြည့်ပါက ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် တက္က သိုလ် ကျောင်းသားဘ၀အဆုံးမှ ယနေ့ နာမည်ကြီး နိုင်ငံရေးသမားအထိ ပြင်ပတွင် ၄ နှစ် မျှသာ နေခဲ့ရသည်။ ထို ၄ နှစ်ကာလအတွင်းလည်း စီးပွားရေးလုပ်ချိန် မရခဲ့ပါ။ သို့သော် ဆုတံဆိပ်များမှ ရရှိငွေ သည် ခန့်မှန်းခြေ ဒေါ်လာ တစ်သိန်း အထက်တွင် ရှိပြီး ကျန်သည့် ရောင်းချမှုများ၊ လှူဒါန်း ကူညီမှုများမှ ရရှိငွေသည် ကျပ် သိန်း ၁၀၀၀ ခန့်ရှိသည်။ စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုးကို တွက်ပါက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကချင်ပြည်နယ်သွားရောက်စဉ်အတွင်းနှင့် အခြား လမ်းကြောင်းများမှ တရားမ၀င် ရရှိနိုင်သည့် ငွေများမပါ  ငွေကျပ် သိန်း ၂ ထောင် ကျော် ပိုင်ဆိုင် ပါသည်။
နိုင်ငံတော်တွင် တာဝန်ကြီးကြီးမားမား ယူထားသူများ အနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများအား မကွယ် မ၀ှက် ဖော်ပြရမည်ဖြစ်ကြောင်း ကိုမင်းကိုနိုင်မှ ပြောဆိုခဲ့သည်။ 
 
မီဒီယာဖိနှိပ်မှုတွင်လည်း ပါခဲ့သည်။အန်အယ်ဒီမှ ဂျာနယ်များအား တရားစွဲရာတွင်တော့ တစ်ခွန်းမှ မဟ။

ကျွန်တော်တို့ ကျောင်းသားတွေပဲ ခေတ်အဆက်ဆက်ဦးဆောင်သည်ဟု ပြောပြီး စည်းရုံး သဖြင့် ကျောင်း များ ပိတ်သွားခဲ့တော့သည်။
ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံတွေ စိုက်မည်ဟု ပြောချိန် ...

အမေစုအတွက်ကာကွယ်မည်။ ယခုတော့ ပါတီထောင်ပြီး ပြန်ဖိုက်ကြတော့မည် ...

ကျောင်းသား တစ်ယောက်သည် ၄ နှစ်ခန့်သာ ပြင်ပတွင်နေပြီး ကျန်အချိန်များတွင် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ပိုင်ပြီးပြီ။ ကျောင်းနံရံတစ်ဝိုက်လဲ ဒေါင်းအလံ ပြန်စိုက်မည့် အကြောင်း လည်း မပြောတော့။ ကျောင်းသား လွှတ်တော် ကိုယ်စားလှယ်၊ ကျောင်းသားဝန်ကြီး၊ ကျောင်းသား သမ္မတ သာ လုပ်တော့မည်။
(မှားယွင်းနေသော အချက်များရှိလျှင် ဝေဖန် ထောက်ပြနိုင်ပါသည်။)

http://www.oppositeyes.info/2012/10/blog-post_6789.html

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: