၂၀၃၀ ပြည့်နှစ် ရောက်သည့်တိုင် မြန်မာနိုင်ငံသည် ၀င်ငွေအနိမ့်စား နိုင်ငံများ စာရင်းတွင်သာ ပါဝင်နေဦး မည် ဖြစ်ကြောင်း သမ္မတ စီးပွားရေးနှင့် လူမူရေး အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးမြင့်က ပြောသည်။
နောင်လာမည့် ၁၉ နှစ် ကြာသည့်အချိန်တွင် မြန်မာနိုင်ငံသည် ၀င်ငွေ အလယ်အလတ် အဆင့်အတန်း ရှိသ ည့် နိုင်ငံ ဖြစ်လာမည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားမှုမှာ မဖြစ်နိုင်ကြောင်းကို အောက်တိုဘာ ၂၀ ရက်ေ န့က မြန်မာနိုင်ငံကုန်သည်နှင့်စက်မှုလက်မှုအသင်းချုပ် (UMFCCI) ၌ ကျင်းပသော FDI နှ င့်ပတ် သက် သ ည့် ဆွေးနွေးပွဲအတွင်း ဦးမြင့်က ပြောခဲ့ သည်။
လက်ရှိ အနေအထား အတိုင်း ဂျီဒီပီ ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အတိုင်း သွားပါက နောင် ၁၉ နှစ်ကြာ ၂၀၃၀ ရောက် လျှင် မြန်မာနိုင်ငံ၏ တဦးချင်း ဂျီဒီပီသည် အမေရိကန် ဒေါ်လာ ၂၀၀၀ မှ ၃၀၀၀ အကြား ရှိလာမည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ တဦးချင်း ဂျီဒီပီမှာ ၈၅၇ ဒေါ်လာ ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံတွင် အနည်း ဆုံး ဖြစ်နေ သည် ဟု သိရသည်။
“အာရှ ဖွံ့ဖြိုးရေးဘဏ်က တွက်တာ မှန်တယ်ပဲထားအုံး ၂၀၁၁ ခုနှစ်မှာတင် အင်ဒိုနီးရှားရဲ့ တဦးချင်း ဂျီဒီပီ က ဒေါ်လာ ၃၄၉၅၊ ထိုင်းက ၄၉၇၂။၁၉ နှစ်ကြာ လည်း ဒီလူတွေကို မမီနိုင်သေးဘူး။ ၁၉ နှစ်မှာ ဒီလူတွေက လည်း တက်နေ ဦးမှာပဲ။ကျနော်တို့ပဲ ကျန်ခဲ့မှာ။ ဂျီဒီပီ ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းတက်လို့ ၁၉ နှစ်ကြာ လည်း သူ များေ နာက်မှာ ရှိဦးမှာ။ တရုတ်လို ၁၀. ၄ ရာခိုင်နှုန်း တက်မယ်ဆိုရင်လည်း မမီနိုင်ဘူး” ဟု ဦးမြင့် က ဆိုသည်။
ဝင်ငွေ အလယ်အလတ် တန်းစား နိုင်ငံ ဖြစ်ရန်အတွက် သတ်မှတ်ချက်မှာ အချိန်နှင့် အမျှ ပြောင်းလဲနေ သဖြင့် လိုက် မီရန် မဖြစ်နို င်ကြောင်း သူက ဆက်ပြောသည်။
၂၀၁၀ ပြည့်နှစ်တွင် ၀င်ငွေ အလယ်အလတ်တန်းစား နိုင်ငံများအတွက် တဦးချင်း ဂျီဒီပီ ၁၉၇၀ ဒေါ်လာ သတ်မှတ် ထား သော်လည်း ၂၀၁၁ ခုနှစ်တွင် ၃၇၆၄ အထိ မြင့်တက် သွားခဲ့ကြောင်း သိရသည်။
“၁၀ နှစ်မှာ ၂ ဆဖြစ်သွားတာ။ အခု လက်ရှိက ၃ ထောင်ကျော် ဆိုတော့ ၂၀၃၀ အတွက်ဆိုရင် ၄ နဲ့ မြှောက်ရလိမ့်မယ်။ ၄ နဲ့ မြှောက်ရင် တသောင်းကျော်သွားမယ်။ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ GDP per capita (တနိုင်ငံလုံးရဲ့ ဂျီဒီပီကို လူဦးရေ သန်း ၆၀ နဲ့ ပြန်စား) က သုံးထောင်ကျော်ပဲ ရမယ်ဆိုတော့ ကျနော်တို့ဟာ ၀င်ငွေ အနိမ့် စာရင်းမှာပဲ ကျန်ခဲ့မှာ။ ကျနော်တို့ဟာဘယ်တော့မှ ၀င်ငွေ အလယ်အလတ်တန်းစား နိုင်ငံဖြစ်မှာ
မဟုတ်ဘူး။ ၂၀၃၀ ရောက်လည်း မဖြစ်နိုင်ဘူး။ တိုင်းပြည်ကတော့
သိက္ခာကျတာပေါ့” ဟု ဦးမြင့်က ရှင်းပြသည်။
ဂျီဒီပီ ကိန်းဂဏန်း အရေအတွက်များဖြင့် တခြား နိုင်ငံများကို ယှဉ်ရန် မဖြစ်နိုင်သဖြင့် ဂျီဒီပီ၏ အရည်အေ သွး ကို အလေးပေး ဆောင်ရွက်ရန်သာ ရှိကြောင်း ၊ ဂျီဒီပီ ကိန်းဂဏန်း အရေအတွက်ကို မြှင့်သကဲ့သို့ တချိန်တည်း မှာပင်အရည်အသွေးကိုလည်းတိုးမြှင့်ရန်လိုသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး အစီအစဉ်များသည် ပြည်သူကို ဦးစားပေးသည့် အစီအစဉ်၊ အထူး သဖြင့် ဆင်းရဲသား ပြည်သူများကို ထည့်သွင်း စဉ်းစားသည့် အစီအစဉ် ဖြစ်သင့်ကြောင်း၊ ရင်းမြစ်ြ ကွယ်ဝပြီး လူတော် ပေါများသည့် တိုင်းပြည် ဖြစ်သည့် အလျောက် ပြည်သူများအတွက် အခြေပြု စဉ်းစားသည့် ဖွံ့ဖြိုးတိုးတက်မှု (People Center Development) သို့ သွားနိုင်ကြောင်း၊ ထိုသို့ သွားရာတွင် နိုင်ငံခြား ရင်းနှီြး မှုပ်နှံမှု သည် အရေးပါပြီး လက်ရှိအချိန်အခါ အခွင့်ကောင်းကို လက်မလွှတ်သင့်ကြောင်း ဦးမြင့်က ဆိုသည်။
“လူတွေက နေထွက်ကနေ နေ၀င်အထိ အလုပ်လုပ်နေရတာ၊ သူတို့အတွက် လည်း အားလပ် တဲ့ အချိ န်ေ လး ပေး ရမယ်။ အလုပ်ချိန်တွေ လျှော့ပေးရမယ်။ ပိုကောင်းတဲ့ ဘ၀တွေ၊ အနားယူအပန်းဖြေတဲ့အချိန်၊ ယဉ်ေ ကျးမူ ၊ လူမူရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဟာတွေ လုပ်ပေးရမယ်” ဟု ၎င်းက သုံးသပ် သည်။
ယခင်က ဂျီဒီပီကို တနှစ်လျင် ၁၀. ၅ ရာခိုင်နှုန်း တိုးမြှင့်သွားရန်စီစဉ်ထား သည့် သမ္မတ၏ ၅ နှစ်ကြာ ဆင်းရဲ မွဲတေမှု လျှော့ချခြင်း စီမံကိန်းကိုလည် ၇. ၇ ရာခိုင်နှုန်း အထိသာ တိုးမြှင့်ရန်အ တွက် ပြန်လည် ပြင်ဆင် ခဲ့ သည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ေ ဒ်ါလာ ၈၅၀ သန်း ဖြစ်ပြီး မြန်မာနိုင်ငံ အထက်တွင် ကမ္ဘောဒီးယားက အမေရိကန်ဒေါ်လာ ၈၉၂ သန်းဖြင့် ရပ်တည် ကာ အမြင့်ဆုံး ဖြစ်သော စင်ကာပူက အမေရိကန်ဒေါ်လာ ၆၄၀၀၃ သန်း အသီးသီးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်မြှုပ်နှံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အာဆီယံ နိုင်ငံများနှင့် ယှဉ်လျှင် အနည်းဆုံးဖြစ်ပြီး မြန်မာအောက်တွင် လောနိုင်ငံ တနိုင်ငံတည်းသာ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ဖြင့် ကျန်ရှိနေသည်။
ဧရာဝတီ မှသတင်းအား ကူးယူဖော်ပြသည်။
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
5 years ago
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။